Home » Activities » တိုင်းရင်းဆေးပညာနှင့် စားသုံးသူကာကွယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တိုင်းရင်းဆေးပညာနှင့် စားသုံးသူကာကွယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တိုင်းရင်းဆေးပညာနှင့် စားသုံးသူကာကွယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

 

ကွန်ပျူတာတက္ကသိုလ်(ကလေး)တွင် တက်ရောက်ပညာသင်ယူနေသော ကျောင်းသားကျောင်းသူများ၊ တာ၀န်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာမများ၊ ဝန်ထမ်းများအတွက် “တိုင်းရင်းဆေးပညာနှင့် စားသုံးသူကာကွယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ” ကို (၆-၇-၂၀၁၆)ရက်နေ့၊ နံနက်(၁၀၃၀)နာရီတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟော​ပြောပွဲတွင် အခမ်းအနားမှူးအဖြစ် အင်္ဂလိပ်စာဌာနမှ လက်ထောက်ကထိက ဒေါ်ယဉ်ယဉ်အေးနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် သုတသိပ္ပံဌာနမှ လက်ထောက်ကထိက ဒေါ်မီမီအောင် တို့မှ ဆောင်ရွက်ပေးပါသည်။ အစီအစဉ်အရ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာငွန်းနှဲမ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်တိုင်းရင်းဆေးဦးစီးဌာန၊ ဌာနမှူး ဒေါ်မြတ်မြတ်ခိုင်မှ တိုင်းရင်းဆေးအကြောင်း အသိပညာပေးဆွေးနွေးခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန့်ထိုက်အောင်မှ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဆွေးနွေးခြင်း၊ ခရိုင်တိုင်းရင်းဆေးဦးစီးဌာန၊ ဒုတိယဌာနမှူး ဒေါ်ခင်စုလှိုင်မှ စိတ်၊ ဥတု၊ အာဟာရ အကြောင်း ဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်သင်သင်အေးမှ အရောင်ဆိုးဆေးများနှင့် ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဆွေးနွေးခြင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးငြိမ်းမှ အရက်၊ ဘီယာ ၊ ဆေးလိပ်၊ ကွမ်းယာစသည့် မူးယစ်ဆေးဝါးများကြောင့် မိသားစုများနေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပါသည်။

6-7-16-26-7-16.1png6-7-216-46-7-16

 

 



Back